လူထုဗဟိုပြုစီမံကိန်း ၊ ပထမတွဲ
စီမံကိန်း စတင် အကောင်အထည်ဖော်သည့်
၂ဝ၁၃ ခုနှစ်မှစ၍ လူထုဗဟိုပြုစီမံကိန်းသည် အစိုးရ အနေဖြင့်
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အဓိက အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုးတက်ဆောင်
ရွက်နိုင်စေမည့် ပလက်ဖောင်းတစ်ခုအသွင် ဖော်ဆောင်နိုင်ခဲ့ပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သည်။ စီမံကိန်းက ကျေးလက်ဒေသ အခြေခံ
အဆောက်အအုံများအတွက် ငွေကြေးနှင့်အတူ ကျေးလက်ပြည်သူများက ယင်းလုပ်ငန်းကို ရွေးချယ်ရာတွင်
ပူးပေါင်း ပါဝင်မှု၊ တင်ကြို အသိပေးမှုနှင့် ပွင့်လင်းမြင်သာမှု အပြည့်ဖြင့် ရွေးချယ်တတ်အောင်
ကူညီဆောင်ရွက်ခြင်း၊ စွမ်း ဆောင်ရည် မြှင့်တင်ပေးခြင်းတို့ကို ပံ့ပိုးခဲ့သည်။ စီမံကိန်း၏
ပထမဦးဆုံးသော စက်ဝန်းနှစ်ခုတွင် လူဦးရေ တစ်သန်းခန့်ကို အကျိုးပြုလျက်ရှိသော ကျေးလက်ဒေသ
အခြေခံ အဆောက်အအုံများ ဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ လူသွားလမ်းများ၊
ဆိပ်ခံများနှင့် အခြားအခြေခံ အဆောက်အအုံများ ၂ဝဝဝ ကျော်ကို ငွေကြေးထောက်ပံ့ခဲ့သည်။
လာမည့်နှစ်နှစ်အတွင်း စီမံကိန်းသည် အနည်းဆုံး မြို့နယ် (၆၃) မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်လာမည်ဖြစ်ပြီး
လူဦး ရေ ခုနစ်သန်းခန့်ကို အကျိုးပြုမည် ဖြစ်သည်။
လေ့လာဖတ်ရှုလိုသူများ ဤနေရာတွင်နှိပ်၍Download လုပ်ယူပါရန်။

No comments:
Post a Comment