Monday, April 11, 2016

လူထုဗဟိုပြုစီမံကိန်း ၊ ဒုတိယတွဲ



လူထုဗဟိုပြုစီမံကိန်း ၊ ဒုတိယတွဲ

ကျေးလက်/ဦးစီး သည် အကောင်အထည်ဖော်ရေးအဖွဲ့ ဖြစ်သည်။ တာဝန်များမှာ စီမံကိန်းလက်စွဲ အတိုင်း အကောင်အထည်ဖော်ခြင်း၊ ဝန်ထမ်းလိုအပ်ချက်အတိုင်း နည်းပညာ အကူအညီနှင့် ပညာရှင်များ၊ ဆက်သွယ် ရေးနှင့် သတင်းထုတ်ပြန်ရေးပညာရှင်၊ သက်ဆိုင်သူအားလုံးနှင့်ဆိုင်သော စွမ်းဆောင်ရည် မြှင့်တင်ရေးပညာရှင်၊ စောင့် ကြည့် ကြီးကြပ်ရေးနှင့် အကဲဖြတ် ပညာရှင်၊ အစီရင်ခံစာ ပြုစုခြင်း ပညာရှင်တို့ကို ငှားရမ်း ခန့်ထားခြင်းကို ဆောင်ရွက်ရ မည်။ ထို့ပြင် ကျေးလက်/ဦးစီးသည် စီမံကိန်းမြို့နယ်အားလုံးတွင် အကြံပြုချက် ဖြေရှင်းရေးစနစ်ကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရမည်။ ဤလုပ်ငန်းရပ်များ ဆောင်ရွက်ရန် ကျေးလက်/ဦးစီးသည် CDD လုပ်ငန်း အတွေ့ အကြုံရှိပြီးသော NGO/iNGO များကိုငှားရမ်း၍ ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့် အကြံပေးရန်အတွက် အကြံပေး အဖွဲ့များကို ဖွဲ့စည်း စီမံခန့်ခွဲပေးရမည်။ ပြည်ထောင်စုအဆင့် ဝန်ထမ်းများသည် စီမံကိန်းအကောင်အထည်ဖော်ရာ ဒေသများသို့ မပြတ် သွားရောက် စစ်ဆေးကြီးကြပ်ရမည်။ မြို့နယ် စီမံကိန်းအဖွဲ့များက တင်ပြလာသော ၃ လပတ် အစီရင်ခံစာများ သုံးသပ်ခြင်း၊ ပေါ်ပေါက်လာသည့် ပြဿနာများကို ဖြေရှင်းပေးခြင်း၊ ပြန်လှန်သတင်းပေးပို့ခြင်းတို့ ဆောင်ရွက်ရမည်။ ဦးဆောင်ကော်မတီနှင့် ကမ္ဘာ့ဘဏ်သို့ ၃ လပတ် အစီရင်ခံစာ တင်ပြရမည်။

No comments:

Post a Comment